ထုတ်လုပ်ရေး

မဟိန္ဒရားသည် အရည်အသွေးပြည့်မီသော စက်ပစ္စည်းများကိုသာ ကာလကြာ ရှည် ထုတ်လုပ်ခဲ့ပြီး ဂျပန်အရည်အသွေးဆိုင်ရာဆု၊ Demming Application Prize စသော အရည်အသွေးဆိုင်ရာဆုများစွာကို ရရှိခဲ့သည်။

မဟိန္ဒရားအနေဖြင့် လူအစားထိုးစီမံချက်တစ်ခုကိုဖော်ဆောင်လျက် ရှိသည်။ အစိုဓာတ်နှင့် အပူချိန်တို့အားထိန်းချုပ်ထားသဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုရော့နည်းစေကြောင်း အာမခံပါသည်။ အဆိုပါစွမ်းရည်သည် အသုံးပြုထားသောပစ္စည်းများနှင့် ဆက်စပ်လျက်ရှိပြီး Online Cold Testing Facility ဟုလည်း ခေါ်ဆိုနိုင်သည်။ CED Paint Shop သည် ထွန်စက် ထုတ်လုပ်ရေးတွင် ပြိုင်စံရှားဖြစ်ပြီး အသုံးပြုထားသော ဆေးသုတ်ခြင်း နည်းပညာသည် မော်တော်ယာဉ်ထုတ်လုပ်ရေးတွင် အသုံးပြုနေသော နည်းပညာပင် ဖြစ်သည်။

မဟိန္ဒရာသည် ထုတ်လုပ်ရေးစက်ရုံ တစ်ခုတည်းနှင့် လုပ်ငန်းစတင်ခဲ့ရာမှ ယခုအခါ ကမ္ဘာတစ်ဝှမ်းတွင် ထုတ်လုပ်ရေးစက်ရုံ ၆ ရုံနှင့် တပ်ဆင်ထုတ်လုပ် ရေးအလုပ်ရုံ ၁၂ ရုံအထိ တိုးချဲ့နိုင်ခဲ့ပြီဖြစ်သည်။

ထုတ်လုပ်ရေးအလုပ်ရုံ
အိန္ဒိယနိုင်ငံတွင် ၆ ရုံသြစတြေးလျနိုင်ငံတွင် ၁ ရုံ
အာဖရိကတိုက်တွင် ၅ ရုံ
မြောက်အမေရိကတိုက်တွင် ၆ ရုံ

မဟိန္ဒရာ၏ ဂါနာနိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ ဂမ်ဘီယာနိုင်ငံ၊ ချက်နိုင်ငံ နှင့် မာလီနိုင်ငံတို့မှ ဒေသန္တရအစိုးရများနှင့်ပူးပေါင်းကာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက်လိုအပ်သောမူဝါဒများ အစီအမံများ အထူးသဖြင့်လူငယ်များအတွက် စက်မှုလယ်ယာ ပြောင်းလဲရေးဆိုင်ရာကိစ္စများကို စတင်ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး နည်းပညာဆိုင်ရာ ကူညီထောက်ပံ့ပေးလျက်ဖြစ်သည်။