အထွေထွေ မျှော်မှန်းချက်ကြီးပြည့်ဝစေရန် ကျွန်ုပ်တို့အနေဖြင့် R&D facilities ကွန်ယက်သစ်ကိုတည်ထောင်လျက်ရှိပြီး ၄င်းအနေဖြင့် ကမ္ဘာတစ်ဝှမ်းအား နည်းပညာပိုင်းနှင့် အမျိုးမျိုးသော လယ်ယာထုတ်ကုန်များကို ရောက်ရှိစေမည်ဖြစ်သည်။ ကျွန်ုပ်တို့ထွန်စက်များကို ကျွန်ုပ်တို့၏မိတ်ဖက်များဖြစ်သော Sampo Rosenlew, Mitsubishi နှင့် Hisatlar တို့ကဲ့သို့ နိုင်ငံပေါင်း ၄၀ ကျော်တွင် အသုံးပြုလျက်ရှိသည်။
ကျွန်ုပ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မှတ်တမ်းအစ
မဟိန္ဒိရာ အနေဖြင့် သုတေသနလုပ်ငန်းများ၊ ဒီဇိုင်းနှင့် ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ်များကို အောက်ပါနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည် –
အိန္ဒိယ
တူရကီ
ဂျပန်
ဖင်လန်
ပဏာမရင်နှီးမြှုပ်နှံမှု: ၇၆၅၀ + ကုဋေများစွာ
အင်ဂျင်နီယာအင်အား : ၂၅၀၀ +
ဓာတ်ခွဲခန်းအရေအတွက် : ၃၂
အိန္ဒိယနိုင်ငံတွင်းထင်ရှားသောလယ်ယာမြေကွက်: ၆၂၆
နိုင်ငံတကာမှထင်ရှားသောလယ်ယာမြေကွက်; ၁၀၆
ထင်ရှားသော Pantented mCRDTM နည်းပညာ: မဟိန္ဒရာတွင်အသုံးပြုထားသောဘက်စုံသုံးဒီဇယ်အင်ဂျင်များသည် ဈေးသက်သာပြီး အငွေ့ထွက်နည်းကာ တပ်ဆင်ရာလွယ်ကူသည်။
မောင်းသူမဲ့နည်းပညာ: လယ်ဧကအနည်းအတွင်း လယ်သမားများ အနေဖြင့် စက်တပ်ခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာကိုထပ်မံမိတ်ဆက် ပေးလိုက်ပါသည်။်
ကွန်ပျူတာမျက်စိနည်းပညာ: ဈေးနှုန်းသက်သာပြီးနည်းပညာမြင့်အလိုအလျောက်မောင်းနှင်သည့် စနစ်ကို အသုံးပြုထားသည်။
Digisense နည်းပညာ: မဟိန္ဒရာအသုံးပြုသူများအနေဖြင့် မိမိထွန်စက်၏ ဘီးအခြေအနေ၊ အချက်ပေးစနစ် နှင့် ကြံ့ခိုင်မှုတို့ကို အချိန်၊နေရာမရွေး နည်းပညာအသုံးပြုကာ ဖြေရှင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ွှTrringo နည်းပညာ: အိန္ဒိယနိုင်ငံ၏ပထမဦးဆုံးသော ဒစ်ဂျစ်တယ်နည်းပညာဖြင့် တောင်သူများအနေဖြင့် လယ်ထွန်စက်များအား လယ်ယာမြေပေါ်အသုံးပြုရာတွင် နည်းပညာအားထား အသုံးပြုနိုင်ရန် အထောက်အကူ ဖြစ်စေသည်။
1. အခွင့်အလမ်းသစ်များအတွက် ဦးတည်ဆောင်ရွက်ခြင်း
ထင်ရှားသော Pantented mCRDTM နည်းပညာ: မဟိန္ဒရာတွင်အသုံးပြုထားသောဘက်စုံသုံးဒီဇယ်အင်ဂျင်များသည ဈေးသက်သာပြီး အငွေ့ထွက်နည်းကာ တပ်ဆင်ရာလွယ်ကူသည်။
မောင်းသူမဲ့နည်းပညာ: လယ်ဧကအနည်းအတွင်း လယ်သမားများ အနေဖြင့် စက်တပ်ခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာကိုထပ်မံမိတ်ဆက် ပေးလိုက်ပါသည်။.
ကွန်ပျူတာမျက်စိနည်းပညာ: ဈေးနှုန်းသက်သာပြီးနည်းပညာမြင့်အလိုအလျောက်မောင်းနှင်သည့် စနစ်ကို အသုံးပြုထားသည်။့်
Digisense နည်းပညာ: မဟိန္ဒရာအသုံးပြုသူများအနေဖြင့် မိမိထွန်စက်၏ ဘီးအခြေအနေ၊ အချက်ပေးစနစ် နှင့် ကြံ့ခိုင်မှုတို့ကို အချိန်၊နေရာမရွေး နည်းပညာအသုံးပြုကာ ဖြေရှင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ွှTrringo နည်းပညာ: အိန္ဒိယနိုင်ငံ၏ပထမဦးဆုံးသော ဒစ်ဂျစ်တယ်နည်းပညာဖြင့် တောင်သူများအနေဖြင့် လယ်ထွန်စက်များအား လယ်ယာမြေပေါ် အသုံးပြုရာတွင် နည်းပညာအားထား အသုံးပြုနိုင်ရန် အထောက်အကူ ဖြစ်စေသည်။
2. ဒီဇိုင်းသေသပ်လှပရန် ဖန်တီးထားခြင်း
လယ်ယာမြေဌာနအနေဖြင့် သုံးစွဲသူများစိတ်တိုင်းဖြစ်စေရေးအတွက် ကြိုးပမ်းဖြေရှင်ဆောင်ရွက်လျက် ရှိသည်။ ကျွန်ုပ်တို့၏ စမ်းသပ်အရေအသွေးများသည် NABL၏ စစ်ဆေးစမ်းသပ်ချက်များ အနက် ကမ္ဘာပေါ်တွင် အရေအသွေး အကောင်းဆုံးဖြစ်သည်။
ကျွန်ုပ်တို့အနေဖြင့် လုပ်ငန်းစဉ်တိုင်းသည် ထိရောက်ခြင်း၊ စက်ပိုင်း ဆိုင်ရာစမ်းသပ်ဆောင်ရွက်ရမှု၊ လက်တွေ့စမ်းသပ်ရမှုနှင့် တန်ဖိုးဖြတ်ရသောအချိန် စသည်တို့ကို လျော့နည်း သက်သာစေသည်။ ထိုသို့ အသုံးပြုသူများကို သီးနှံရိပ်သိမ်းသည် အထိ လုပ်ငန်းများ လွယ်ကူစွာဆောင်ရွက်နိုင်ရေး နည်းပညာသစ်များဖြင့် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
စမ်းသပ်ခန်းအတွင်း စက်စွမ်းရည်စစ်ဆေးမှု တစ်နည်းအားဖြင့် ဘက်စုံကာကွယ်ရေးဆောင်ရွက်ချက်သည် အိန္ဒိယနိုင်ငံ NABL၊ ဂျာမဏီနိုင်ငံ TUV Nordနှင့် အင်္ဂလန်နိုင်ငံ VCA တို့ကအသိအမှတ်ပြုသော အိန္ဒိယနိုင်ငံ၏ တစ်ခုတည်းသော OEMs ဖြစ်သည်။
3.ပညာတော်သင်စေလွတ်ခြင်း
မဟိန္ဒရားအနေဖြင့် ယျေဘူယျအားဖြင့် အထက်ပါကိစ္စရပ်များတွင် ဆန်းသစ်တီထွင်မှုများဆောင်ရွက်နိုင်ရန်အတွက် ကျောင်းသူကျောင်းသားများ အရည်အသွေး ပြည့်မိရန်လိုအပ်သည်ဟု ယုံကြည်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် အမေရိကန်နိုင်ငံ ကတ်ဆက်(စ်)ပြည်နယ် ဇီဝစိုက်ပျိုးရေးသိပ္ပံကောလိပ် သို့ ပညာတော်သင်များ စေလွှတ်လျက် ရှိသည်။
ယာဉ်မောင်းစွမ်းရည်ဖွံ့ဖြိုးရေးစင်တာ
မူလတည်ဆောက်မှုပုံစံ
အင်္ဂါစဉ်၊ တည်ဆောက်ပုံနှင့် ဖြုတ်ယူပုံ
အခြေခံစံနှုန်းသတ်မှတ်ခြင်း
စက်ပိုင်းဆိုင်ရာပြင်ဆင်ခြင်း
ကြာရှည်ခံကြောင်းသက်သေပြခြင်း
လက်တွေ့စမ်းသပ်ခန်းသည် သုံးစွဲသူများ အမှန်တကယ် အသုံးပြုရာတွင် ကြာရှည်ခံပြီး အသုံးစေရန် အဓိကအရေးပါသည်။
ဆောင်ရွက်ချက်နှင့် သက်သေခံချက်များ
ကျွန်ုပ်တို့အနေဖြင့် ဓာတ်ငွေ့ထုတ်လွှတ်ခြင်း၊ လောင်းကြွမ်းစေတတ် ပစ္စည်းကိရိယာများအားစစ်ဆေးခြင်း၊ အငွေ့တိုင်းတာရေးမီတာ၊ ပုံမှန် တိုင်းတာစစ်ဆေးမှုများ၊ လေထုအခြေအနေ(အပူချိန်၊ လေထုဖိအား၊ ဆွတ်စိုမှုအခြေအနေ စသည်) တို့ကို အချိန်တိုအတွင်း စစ်ဆေးဆောင်ရွက်ပေးပါသည်၊
မဟိန္ဒရား၏ သုတေသနဆောင်ရွက်ချက်
ချနိုင်မြို့ရှိ ၁၂၅ ဧကကျယ်ဝန်းသော Mahindra World City နှင့် Mahindra Research Valley (MRV) တို့ကို အင်ဂျင်နီယာ ၂၅၀၀ ကျော်၊ ဒီဇိုင်နာနှင့် ကျွမ်းကျင်သူတို့ ဖြင့်ဖွဲ့စည်းထားသည်။ ဒီဇိုင်းပညာရှင် Charles Correa က ဆန်းသစ်သောဒီဇိုင်းများကို ဖန်တီးလျက်ရှိပြီး မဟိန္ဒရာအနေဖြင့်လည်း နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် သုတေတနဆိုင်ရာလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် ရင်းနှီးမြှုပ်နှံထားသည်။
MRV ရှိ အကောင်းဆုံးဓာတ်ခွဲခန်းများ
NVH ဓာတ်ခွဲခန်း
ကျွန်ုပ်တို့၏ NVH အဆင့် MRV ဓာတ်ခွဲခန်းတွင် ကျွန်ုပ်တို့အနေဖြင့် အကောင်းဆုံးအမျိုးအစားဖြစ်သော NVH ကို သုံးစွဲသူများထံသို့ အရောက်ပို့ပေးပြီး ဈေးကွက်အတွင်းသို့ရောက်ရှိစေရန်လည်း ဖြန့်ချီ လျက်ရှိသည်။ Semi-anechoic chamber နှင့် အင်ဂျင်ဒိုင်နမိုများသည်ကောင်းမွန်သော NVH ၏ ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးမှုကွန်ယက်အတွင်း ပါဝင်သည်။
အပိုပစ္စည်းအရောင်းဆိုင်
အရည်အသွေပြည့်ဝသော လယ်ထွန်စက်အပိုပစ္စည်းအမျိုးမျိုးကို ရောင်းချပေးလျက်ရှိသည်။ ထိုကြောင့်သုံးစွဲသူများအနေဖြင့် ကောင်းမွန်သောဒီဇိုင်း ပြည့်ဝသောအရည်အသွေးများဖြင့် မိမိတို့၏ ထွန်စက်များအားပိုမိုကောင်းမွန်စွာအသုံးပြုနိုင်ကြမည်ဖြစ်သည်။
ခံနိုင်ရည်အားစမ်းသပ်နိုင်သောဓာတ်ခွဲခန်း
ကောင်းမွန်သောဝန်ဆောင်မှုများလုပ်ဆောင်နိုင်ရန်အတွက် လယ် ယာမြေများတွင် စမ်းသပ်မောင်းနှင်ပြီး ပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးတွင် အဆင်ပြေချောမွေ့စွာမောင်းနှင်နိုင်ရန် လက်တွေ့လုပ်ဆောင်လျက်ရှိသည်။အဆိုပါ ခံနိုင်ရည်အား စမ်းသပ်နိုင်သောဓာတ်ခွဲခန်းသည် သင့်လျော်သောစမ်းသပ်မှုများ ကို ဘက်စုံကာကွယ်ရေးအတွက် စီမံဆောင်ရွက်ပြီး အိန္ဒိယနိုင်ငံမှ NABL, ဂျာမဏီနိုင်ငံမှTUV Nord နှင့် အင်္ဂလန်နိုင်ငံမှ VCA တို့၏ အသိအမှတ်ပြုမှုကိုရရှိထားသော အိန္ဒိယနိုင်ငံ၏တစ်ခုတည်းသော ဓာတ်ခွဲခန်းဖြစ်သည်။
တန်ဖိုးဖြတ်ဓာတ်ခွဲခန်း
ကျွန်ုပ်တို့၏အဓိကရည်မှန်းချက်သည် လယ်ယာသုံးထွန်စက်အသစ် များကို ဖြန့်ဝေရောင်းချနိုင်ရန်၊ ဒီဇိုင်းသစ်များ ဆန်းသစ်တီထွင်ရန်နှင့် အဆင့်အတန်းသတ်မှတ်အတည်ပြုရန်တို့ဖြစ်သည်။ ထွန်စက်များကို စွမ်းဆောင်မှုပြည့်ဝပြီး ကြာရှည်ခံရန် ထုတ်လုပ်လျက်ရှိပြီး IS သာမက ISO အဆင့်အတန်းမီစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ ထို့အပြင် ဓာတ်ခွဲခန်းအနေဖြင့်စမ်းသပ်ချက်အသစ်များ ဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်ရှိပြီးတိုးတက်မှုများ၊ မအောင်မြင်သောတွေ့ရှိချက်များ CAE နှင့် RWUP ၏ ရုပ်ပိုင်းဆိုင်ရာဆက်စပ်မှုတို့ကို အလေးထားမှတ်တမ်းတင်လျက် ရှိသည်။SEL အနေဖြင့်NABLဖြင့် ၁၅ ကြိမ်စမ်းသပ်ခဲ့ပြီး၊ ဟိုက်ဒရောက်လစ်နည်းပညာဖြင့် VCA ကို အသုံးပြုကာ စမ်းသပ် စစ်ဆေးပြီးဖြစ်သည်။