MODEL | ENGINE HP | PTO HP | LIFT CAPACITY | CYLINDER |
---|---|---|---|---|
6060 4WD | 57 | 49.5 | 2200 | 2745 |
6075 2WD | 75 | 66 | 2600 | 3332 |
မဟိန္ဒရာ၏ ၆၀၀၀ series ထွန်စက်သည်စွမ်းအင်ပြည့ှ်ဝပြီး cylinder ၄ ခု ဖြင့် ဒီဇယ်အင်ဂျင်ကိုမောင်းနှင်ရသောစနစ်ဖြစ်သည်။ ၄င်းတို့၏ flat torque cuve နှင့် maximized torque levels တို့ကို ၂၁၃ NM မှ ၃၀၅ NM အထိရှိရန်မြှင့်တင်ထားပြီးPTO နှင့် draft application တို့ကို ကောင်းစွာအသုံးပြုနိုင်သည်။ လည်ပတ်နိုင်စွမ်းကို ၂၅%အထိ ပြန်လည်မြှင့်တင်ထားပြီး ဂီယာ၏လိုအပ်ချက်နှင့် အခန်းကဏ္ဍကို လျှော့ချထားသည်။
15F+15R အမျိုးအစားသည် ပြည့်ဝသော စွမ်းအင်ပြည့်ဝပြီး အသုံးပြုရန် လွယ်ကူသည်။ လည်ပတ်အားကောင်းသောဘီးများအတွက့် ပြည့်ဝသောဂီယာစနစ်ဖြင့် ကောင်းမွန်စွာထိန်းချုပ်နိုင်သည်။ မြင့်မားသောအရှိန်နှုန်းကြောင့် ကျယ်ပြန့်သောလယ်ယာမြေများတွင်ပါ ကောင်းမွန်စွာ အသုံးပြုနိုင်သည်။ ယာဉ်အား အရှေ့အနောက် မြန်ဆန်ချောမွေ့စွာမောင်းနှင်နိုင်ပြီး ပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်စွမ်းရှိကြောင်း အာမခံပါသည်။ လွတ်လပ်သော PTO lever တို့က engagement နှင့် disengagment အခြေအနေနှစ်ရပ်ကြားတွင် ကောင်းစွာထိန်းညှိပေးနိုင်သည်။
ယာဉ်၏အရှေ့ဝင်ရိုးအား တောင့်တင်းခိုင်မာစွာတပ်ဆင်ထားပြီး အဆင့်မြင့် ထွန်စက်များတွင် တပ်ဆင်နိုင်သောအမျိုးအစားဖြစ်သည်။ 4 WD အမျိုးအစားများတွင် epicyclic reduction သည် မြင့်မားသော မြင့်မားသော dynamic load ကိုလုပ်ဆောင်ပေးပြီး မြင့်မားသောစွမ်းဆောင်ရေကို ထမ်းဆောင်ပေးနိုင်ကာ လယ်ယာမြေများတွင် ကောင်းစွာ တာဝန်ထမ်ဆောင်နိုင်သည်။
တောင့်တင်းခိုင်မာပြီး ကြီးမားသောဆက်ကွင်းများကြောင့် ယာဉ်သည် တည်ငြိမ်ပြီး လုံခြုံမှုရှိသည်။ ယာဉ်တွင်တပ်ဆင်ထားသော telescopic lower links များက ယာဉ်အားလျှင်မြန်စေပြီး ယာဉ်၏အနောက်ဘက်အပိုင်းကိုလည်း ရိုးရှင်စွာ ချိတ်ဆက်ပေးထားသည်။ အရည်အသွေးပြည့်ဝသော hydraulics စနစ်သည် ၆၀၆၀အမျိုးအစားအတွက် ၂၂၀၀ ကီလိုဂရမ်အထိနှင့် ၆၀၇၅ အမျိုးအစားအတွက် ၂၆၀၀ ကီလိုရမ်အထိ ခံနိုင်ဝန်အားရှိပြီး ထွန်စက်များထဲတွင် ခံနိုင်ဝန်အား အမြင့်မားဆုံးဖြစ်သည်။ remote control ဖြင့်ထိန်းချုပ်နိုင်သော လေထုတ်ပြွန် နှစ်ခုပါဝင်သည်။
တောင့်တင်းခိုင်မာသော ထိန်းကြောင်းပစ္စည်းဖြင့် ဂီယာ၊ လီဗာ၊ ထိန်းအားကောင်းသော ဘရိတ်ဖြင့် clutch pedals တို့ သည် အရည်အသွေး ပြည့်ဝပြီး ကျယ်ပြန့်စွာ အလုပ်လုပ်နိုင်သည်။ ထိုင်ခုံသည်လည်း ကူရှင်သက်သာငြိမ့်ညောင်းပြီး လွတ်လပ်စွာရွေ့လျားနိုင်ကာ လိုအပ်သလို ဆွဲယူ နိုင်သည်။